Saturday, January 3, 2015

မေ​မေများ​နေ ၂၀၁၅ ​တစ်​လ ​လေးရက်

မေ​မေ

ဖေ​ဖေမရှိကထဲက

သားတို့ ညီအကို ​မောင်​နှမ​တွေကို

ရှာ​ဖွေ​ကျွေး​မွေး​စောင်​​ရှောက်​ ​ပေးခဲတယ်

ဒါ​ပေမယ့်​ဗျာ

အ​မေနားမှာရှိခိုက်

မလိမ်​မာခဲဘူး

အရာရာ ဆန့်​ကြင်​ဘက်​ ​တွေးပြီး

အမြဲအပြစ်​တင်​ခဲတယ်

အခု​ ချစ်​​မေ​မေနဲ့ ​ဝေးမှာခွဲ​နေရမှ

အရင်​ဆိုးခဲသမျှကို ​နောင်​တရမိတယ်​ဗျာ

မေ​မေ

အခုလို ​မေ​မေများ​နေ့​လေးမှာ

သားကို လွမ်း​နေမယ်​ဆိုတာသိပါတယ်

သားလဲလွမ်း​နေရပါတယ်​​မေ​မေ

ဒီ​အ​မေများ​နေ့​လေးမှာ

အ​ဝေးက​နေ ချစ်​​မေ​မေကို

တမ်းတ 
          ရှိခိုးလိုက်​ပါတယ်​​မေ​မေ

                         အ​ဝေး​ရောက်​သား​လေး
                                                    ၈thu,.soethu

No comments:

Post a Comment