Saturday, March 12, 2016

Birthday

မွေးနေ့မင်္ဂလာ အချိန်ခါမို့ အတွေးများနဲ့ ညအလယ်

အိပ်မရလေ သော ဒီညမျိုးမှာ အတွေးများနဲ့ ခက်လှပြီ။

ဘာလိုလိုနဲ့ အသက်တွေကြီးရင့်လာပြီပါတကား။

မရေရာ မသေခြာတဲ့ဘဝမှာ ကုန်ဆုံးသွားသောချိန်တွေ

က ငါကိုအိုမင်းလာစေပြီ။

အင်းဘဝဘဝ....

(  စိုးသူ . .ချစ်သူ  )
http://chitmaymayy.blogspot.com
http://softwarenantaw.blogspot.com


Monday, January 25, 2016

လက်တစ်စုံ

            🌟🌟🌟  လက်တစ်စုံ    🌟🌟🌟

       သားတို့သမီးတို့ဘဝတွေ အခုလိုရှင်သန်ကြီးထွားနိင်ဖို့

ဖေဖေမေမေတို့ရဲ့ လက်တစ်စုံ ဟာ အရေးကြီးဆုံးပါ

မေမေတို့ရဲ့ မေတ္တာ ဂရုနာရိပ်

ဖေဖေတို့ရဲ့ အကြင်နာ တံတိုင်းကြီးပမာ

ကြီးမားလှတဲ့ အရိပ်စစ်ဟာ သားတို့သမီးတို့ ရဲ့

ကြီးမားသော ဘဝအတွက် အရိပ်စစ်ပါ။

ထိုအရိပ်ကို နားခိုခွင်မရလျင်

သားငယ်သမီးငယ်တို့ ရဲ့ ဘဝတွေဟာ

နားခိုရာမဲ့ ပျက်စီးခြင်းအလား သို့

လဲကျ သေဆုံးသွားနိင်ပါတယ်။

ဖေဖေ မေမေတို့ရဲ့ နွေးထွေးတဲ့ လက်တစ်စုံနဲ့

ချစ်သား ချစ်သမီးတို့ကို စောင့်ရှောက်ပေးပါနော် ... 

သားတိုသမီးတို့ လိုတာ ရွေမဟုတ် ငွေမဟုတ်

စည်းစိမ်ဥစ္စာလဲမဟုတ်ပါ ဖေဖေမေမေတို့ရဲ့

နွေးထွေးတဲ့ အကြင်နာလက်တစ်စုံကိုပါ....

( မိဘမေတ္တာ ငတ်နေသူ သားသမီးတစ်ချို့အတွက်

ကိုယ်ချင်းနာစွာဖြင့် ရေးသားပြုစုထားပါသည် )
    🙏🙏  ချစ်သူ  🙏🙏
http://chitmaymayy.blogspot.com
        ကြိုဆိုပါ၏မိတ်ဆွေ
   


Sunday, December 6, 2015

ဖေဖေများနေ့



I love my father

He is the best person

In the world...

รักคุณพ่อ

คนดีที่สุด

ในโลก..

ရက်ပ်ခွန်ဖော့

ခွန်ဒီးထိ့စွတ်

နှိင်းလိုးက်...

ဖေဖေကိုချစ်တယ်

ဖေဖေဟာ ဒီကမ္ဘာကြီးထဲမှာ

အကောင်းဆုံးလူသားတစ်ယောက်ပဲ.....
http://spokenthai.blogspot.com
        👩👩   ကြိုဆိုပါ၏  👴👴


Tuesday, October 27, 2015

လေလှိုင်းပေါ်မှ ဆုတောင်းစာလွှာပို့သပါ၏





     *  ဆုတောင်းစာလွှာ  *

ဒီလိုနေ့ကောင်းရက်မြတ်နေ့တွေမှာ အိမ်မပြန်နိင်သူအဖို့

ဦးထိတ်ပန်ဆင် ဆုံးပါးလေသူ ချစ်ဖေဖေနဲ့

ပြန်လာကိုမျော် လွမ်းကာနေတဲ့ချစ်မေမေနဲ့

မောင်နှမ၊

အခုကျန်တော်ကိုပညာသင်ကြားပေးတဲ့ဆရာ

တို့အားလည်းကောင်း၊ကျန်တော်ရဲ့သူဌေးမိသားစု

အားလည်းကောင်း၊မသိတာမှသမျှကို စိတ်ရှည်စွာအမြဲပြော

သင်ကြားပေးတဲ့ ကျန်တော့်ရဲ့မမနဲ့

ဦးဦးဒေါ်ဒေါ်၊ကိုကိုမမတို့အား

စိတ်မှာမှန်းရည် ရှိခိုးကန်တော့ပါသည်။

ဖေ့ဘွတ်ပေါ်မှ မမြင်မတွေ့

မသိမကြား ရဘဲ စာလေးမှတစ်ဆင့်

ရင်းနီးခဲသော

ကိုကို၊မမ၊ဦးဦးဒေါ်ဒေါ်၊ညီလေး၊ညီမလေးတို့ကိုလဲ

* ကျမ်းမာချမ်းသာ

စီးပွားတင်လက်တိုး

ကြံတိုင်းအောင်

အောင်မြင်မူ့တိုင်းလဲ

ထာဝရ ပိုင်ဆိုင်နိင်ကြပါစေဗျာ *

ချစမေမေ
http://chitmaymayy.blogspot.com
                    
http://softwarenantaw.blogspot.com
          ဆော့ဝဲနန်းတော်
               (  S.  W.  N.  T.  )
                    😁😁😁 တို့  မှကြိုဆိုပါ၏  😄😄😄
                         🏃🏃🏃   ၈thu  🏃🏃🏃


Wednesday, October 14, 2015

ချစ်မေမေအားပေးအပြုံး

   "  မေမေအပြုး  "

လာလမ်းကိုငေး

အလာငေးလို့

သားငယ်ကိုမျော်

မျော်ရှာသူ မေမေရယ်....

ရုန်းကုန်လူပ်ရှား

လူသူတွေကြားမှာ

ပြုံးတလှည့်ငိုတစ်လှည့်

အားမာန်မလျှော့

ဘဝကြီးကို ရင်ဆိုင်တိုက်ပွဲ

ဝင်နေချိန်မှာ အဝေးဆီက

မေမေ့အိမ့် ပြန်လာခြင်လဲ

သားငယ်ပြန်မလာနိင်သေး...

ရည်ရွယ်ချက်တွေ ပြည့်ဝစေဖို့

အားကြိုးမာန်တက် ကြိုးစားနေချိန်မှာ

မေမေရယ် သားငယ်ကို

အားပေးအပြုံးတွေ အမြဲပေးပါလား..

မေမေအပြုံး နတ်ဆေးခါးသဖွယ်

သားအတွက် အားအင်တွေ

ဖြစ်စေတယ်

     ချစ်မေမေရယ်.....

ချစ်မေမေ
http://chitmaymayy.blogspot.com
  မှကြိုဆိုပါ၏
😊😊😊  ချစ်သူ  😊😊😊

 http://chitmaymayy.blogspot.com/ချစ်မေမေ 


Wednesday, August 12, 2015