*** သက်မဲ့ ငွေ ***
ငွေ....
ကြည့်တော့ ငွေဆိုတာစာရွက်အပိုင်းစလေးတစ်ခုပါပဲ
ဒါပေမယ့်
ဒီကမ္ဘာပေါ်ကလူအားလုံးဟာ ထိုငွေကြောင့်ပဲ
တစ်ချို့ဆို
မိမိအသက်နဲ့ရင်းပြီးဒီစာရွက် အပိုင်းအစလေးရဖို့ အသက်အန္တရယ်ကိုမမှု့ နေ့နေ့ညည သေမင်းနှုတ်ခမ်းဝမှာ ရူးရူးမိုက်မိုက် လမ်းလျှောက်လို့နေကြ၏။
တစ်ချို့ကလဲ
***ပူလွန်းတဲ့ . .... နေ ***
***ချမ်းခိုက်တဲ့ . .... ဆောင်း ***
***အေးလွမ်းတဲ့ ..... မိုး ***
ထဲမှာတောင်
သဘာဝကို အံတု
ပူ မှန်း , အေးမှန်း မသိ
သက်မဲ့တစ်ခုလို လုပ်ကိုင်နေကြ ရတယ်။
တစ်ချို့ပြန်တော့လဲ့
ငွေအတွက်
ဘဝပျက်ခံ ၍ မိမိသိက္ခာကိုမငဲ့ အရှက်တရားကိုမောင်းထုတ်ကာ ဒီငွေမျက်နှာကြောင့်ပဲ
လောကကြီးကို အရူံးခံ၍ လူတကာတံတွေးခွက်ထဲ့မှာ ရှင်သန်လျှောက်လှမ်းနေကြတယ်။
အော် ....ငွေ ..ငွေ....
သက်မဲ့ဆိုပေမဲ့
လူတိုင်းရဲ့ ဘဝကို သူ စိုးပိုင် အပိုင်စီး
သူ အနိင်ယူ ထားတယ်။
တစ်ချို့ဆို
ဒီငွေကြောင့်ပဲ
မလုပ်ကောင်း, မလုပ်သင့်တဲ့
မောင်နှမချင်း, ညီအကိုချင်း, မိဘ သားသမီးချင်း နှင့် ဆရာတပြည့်ချင်းတောင် အမျိုးမျိုးသောသတင်းတွေကြားကြားနေရတယ်။
မရှိမကောင်း
ရှိမကောင်း
လို့ပဲဆိုရမှာလား
*** အားလုံးသော မိဘပြည်သူ, မိတ်ဆွေသူငယ်ချင်း, ညီအကိုမောင်နှမများနဲ့ မိဘနှင့်သားသမီးတို့ ဒီငွေရဲ့ စိုးမိုး အနိင်ယူ မူ့မှကင်းလွတ်ပြီး ရောင့်ရဲမှု့ဖြင့်
ပျော်ရွှင်စွာ လောကကြီးကို အောင်မြင်စွာ
ဖြတ်သန်းနိင်ပါစေဗျာ ***
မူးရစ်ဆေးဝါးထက်
တစ်ခါတစ်ရံ သူ
ကြောက်စရာကောင်း၏
အော်.....ငွေ......
ငွေ......
writer -- ၈thu,
money,....
thank you !
Saturday, July 19, 2014
အော်....ငွေ..ငွေ...
Wednesday, July 16, 2014
မေမေရယ်
မေမေလွမ်းသလို သားလဲလွမ်းနေပါတယ်
ဒါပေမယ့် သားဘဝအတွက်
ကြိုးစားချင်သေး
တယ်
ချစ်မေမေရယ် ..
အရင်လို ချစ်အမေ့ကို စိတ်
စိတ်မဆင်းရဲ့စေချင်ဘူး နောက်ပြီးတော့
အမေ့ကို ပင်ပန်းတဲ့အလုပ်
တွေကိုလုပ်တာ
သား
မကြည့်ရက်
တော့လို့ ပါ ချစ်မေမေ လဲ.,.
ကျန်းမာရေးဂရုစိုက်နော် သားလဲအရာ
ရာဂရုစိက်ပါမယ်မေမေ
။မေမေ့ရဲ့ချစ်သား
လေး
၈thu,.
မေမေကြားသိစေချင်
ချစ်သား
လေး
အဝေးရောက်နေခိုက်
လွမ်းတသသ
သတိရမိ
မေ
မေသိစေ
အလွမ်း လေးတွေ
စာလွှာဖွဲ့
လို့
သီသုံးနေ
ချစ်မေမေကျမ်းမာ
ချမ်းသာပါစေကြောင်း
ဘုရားမှာ တောင်းဆုချွေ
ချစ်သား
ချစ်သူ...၈thu
Sunday, July 6, 2014
ကျေးဇူးအထူးတင်ရှိပါတယ် ထူးချစ်အောင်ရာ
ကျွန်တော်အတွက် တောင်းတမှု့ ဒီညမှာပြည့်ခဲ့လို့ အရမ်းကို ဝမ်းသာမိပါတယ်
ရုတ်တရက် ပြည်ပကို ရောက်လာတာ
မိဘဆွေမျိုးတွေရဲ့ ပုံတောင် မပါလာဘူးလေ
ပိုဆိုးတာက
လွမ်းလွမ်းတက်တဲ့စိတ်ကြောင့်ပဲ
အခုတော့ ညီတွေရဲ့ အကူအညီကြောင့် အထူးကျေးဇူးတင်ရှိပါတယ်
အခုမေမေ ရဲ့ ဓါတ်ပုံနဲ့ ဖေဖေကို ပြန်မြင်ရတော့
သားအတွက် ရှေ့ဆက်အားအင်သစ်တွေကို
ပြန်ရလိုက်သလိုပါပဲ
ညီအကို အားလုံးကို
ကျေးဇူးတင်လျှက်
အားလုံးရဲ့ *** ၈thu ***