*** သက်မဲ့ ငွေ ***
ငွေ....
ကြည့်တော့ ငွေဆိုတာစာရွက်အပိုင်းစလေးတစ်ခုပါပဲ
ဒါပေမယ့်
ဒီကမ္ဘာပေါ်ကလူအားလုံးဟာ ထိုငွေကြောင့်ပဲ
တစ်ချို့ဆို
မိမိအသက်နဲ့ရင်းပြီးဒီစာရွက် အပိုင်းအစလေးရဖို့ အသက်အန္တရယ်ကိုမမှု့ နေ့နေ့ညည သေမင်းနှုတ်ခမ်းဝမှာ ရူးရူးမိုက်မိုက် လမ်းလျှောက်လို့နေကြ၏။
တစ်ချို့ကလဲ
***ပူလွန်းတဲ့ . .... နေ ***
***ချမ်းခိုက်တဲ့ . .... ဆောင်း ***
***အေးလွမ်းတဲ့ ..... မိုး ***
ထဲမှာတောင်
သဘာဝကို အံတု
ပူ မှန်း , အေးမှန်း မသိ
သက်မဲ့တစ်ခုလို လုပ်ကိုင်နေကြ ရတယ်။
တစ်ချို့ပြန်တော့လဲ့
ငွေအတွက်
ဘဝပျက်ခံ ၍ မိမိသိက္ခာကိုမငဲ့ အရှက်တရားကိုမောင်းထုတ်ကာ ဒီငွေမျက်နှာကြောင့်ပဲ
လောကကြီးကို အရူံးခံ၍ လူတကာတံတွေးခွက်ထဲ့မှာ ရှင်သန်လျှောက်လှမ်းနေကြတယ်။
အော် ....ငွေ ..ငွေ....
သက်မဲ့ဆိုပေမဲ့
လူတိုင်းရဲ့ ဘဝကို သူ စိုးပိုင် အပိုင်စီး
သူ အနိင်ယူ ထားတယ်။
တစ်ချို့ဆို
ဒီငွေကြောင့်ပဲ
မလုပ်ကောင်း, မလုပ်သင့်တဲ့
မောင်နှမချင်း, ညီအကိုချင်း, မိဘ သားသမီးချင်း နှင့် ဆရာတပြည့်ချင်းတောင် အမျိုးမျိုးသောသတင်းတွေကြားကြားနေရတယ်။
မရှိမကောင်း
ရှိမကောင်း
လို့ပဲဆိုရမှာလား
*** အားလုံးသော မိဘပြည်သူ, မိတ်ဆွေသူငယ်ချင်း, ညီအကိုမောင်နှမများနဲ့ မိဘနှင့်သားသမီးတို့ ဒီငွေရဲ့ စိုးမိုး အနိင်ယူ မူ့မှကင်းလွတ်ပြီး ရောင့်ရဲမှု့ဖြင့်
ပျော်ရွှင်စွာ လောကကြီးကို အောင်မြင်စွာ
ဖြတ်သန်းနိင်ပါစေဗျာ ***
မူးရစ်ဆေးဝါးထက်
တစ်ခါတစ်ရံ သူ
ကြောက်စရာကောင်း၏
အော်.....ငွေ......
ငွေ......
writer -- ၈thu,
money,....
thank you !
Saturday, July 19, 2014
အော်....ငွေ..ငွေ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment