Friday, March 14, 2014

ကျွန်တော်ရဲ့ မွေးနေ့ မှာယခုလို ရင်ဖွင့်ခွင့်ရတာ နဲ့တင်ကျေနပ်ပါပြီ

                အဖေ

ကျွန်တော် အဖေရှိစဉ်တုန်းက

အဖေရဲ့တန်ဖိုးကို နားမလည်ခဲ့ဘူး

ပိုက်ဆံတောင်းဖို့ နဲ့ ဆိုးဖိုလောက်ပဲ

သိတယ်။ဖခင်ဆုံးပါးပြီး တဲ့အချိန်ကစပြီး

ဘဝကြီးကို နားလည်လာတယ်။

ပိုက်ဆံတစ်ပဲတစ်ပြားရဖို့ ဘယ်လောက်

ခက်ခဲ့သလဲဆိုတာကို နားလည်လာတယ်

        ဒါပေမယ့်

ကျွန်တော်ဝမ်းနည်း ဝမ်းသာ ဖြစ်မိတယ်။

ဝမ်းနည်းတာက အဖေကို့

ကျွန်တော်ကျေးဇူးမဆပ်လိုက်ရလို့ပဲ 

နူတ်တောင်မဆက်ပဲ ခွဲသွားတဲ့အဖေကို

အခုအချိန်မှာ တမ်းတနေမိတယ်

ပြီးတော့စကားလေးတစ်ခွန်းလည်း

ပြောပြချင်တယ်။

အမေ့ကို သားစောင်ရှောက် မှာပါလို့။

အရင်ကဆိုးခဲ့ပေမဲ့  အခုအချိန်မှာ

ဝေးလေလွမ်းလေ သတိရလေ ပါပဲဗျာ

ဝမ်းသာမိတဲ့အကြောင်းက

ကျွန်တော်အလုပ်အခုလို ရလိုက်လို့ပါပဲ

ဒီမှာအမြဲစိတ်ညစ်နေရပေမဲ့

ကျွန်တော်အမေရဲ့ စကားတစ်ခွန်းနဲ့တင်

ကျွန်တော် အားအင်တွေရလာခဲ့ပါတယ်

            ဒါကြောင့်

                    မွေးမေမေကို
                
                            ဒီနေရာကနေ

                                   ရှိခိုး

                                 ကန်တော့လိုက်ပါရစေ

ဒါကတော့ ကျွန်တော်ရဲ့ ရင်ဖွင့်စာပါ

No comments:

Post a Comment